Events

Food & Hotel Asia (FHA)- food & beverage

Updated At: 2020-07-27 09:09:52

“Food & Hotel Asia (FHA)- food & beverage” ပြပွဲကို ၂၀၂၁ ခုနှစ်၊ မတ်လ ၂ ရက်နေ့မှ ၅ ရက်နေ့အထိ စင်္ကာပူနိုင်ငံ၊ Singapore Expo တွင် ကျင်းပမည်ဖြစ်ကြောင်း၊ စင်္ကာပူမြို့ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်သံရုံးမှတဆင့် ပြပွဲတက်ရောက်ပါရန် ဖိတ်ကြားလာပါသည်။ အဆိုပါ ကုန်စည်ပြပွဲကြီးသည် အာရှတွင် စားသောက်ကုန်နှင့် အဖျော်ယမကာ (food & beverage) ကုန်စည်များကိုပြသသော အကြီးဆုံးနိုင်ငံတကာပြပွဲတစ်ခုဖြစ်ပြီး၊ Business to Business (B2B) ပြပွဲကြီးဖြစ်သည့်အတွက် လုပ်ငန်းအချင်းချင်း ထိရောက်စွာ ချိတ်ဆက်နိုင်ခြင်းနှင့်စေ◌ျးကွက်အတွင်း ဖြစ်ပေါ်တိုးတက်မှုအခြေအနေများကို လေ့လာနိုင်ခြင်းစသည့် အခွင့်အလမ်းတို့ကို ရရှိနိုင်မည်ဖြစ်ပါသည်။ မြန်မာ့သစ်သီးဝလံနှင့်ဟင်းသီးဟင်းရွက်များအပါအဝင်တန်ဖိုးမြှင့်စားသောက် ကုန်များ၊ ဟင်းခတ်အမွှေးအကြိုင်များ၊ ငါးနှင့် ပင်လယ်စာများ၊ ကော်ဖီနှင့် လက်ဖက် ကုန်စည်များကို ပါဝင် ပြသနိုင်ပါက စင်္ကာပူစေျးကွက်သို့သာမက အခြားစေျးကွက်များသို့ ချိတ်ဆက်နိုင်သော အခွင့်အလမ်းကောင်းများကို ရှာဖွေနိုင်မည်ဖြစ်ကြောင်း၊ စေျးကွက်ရှာဖွေလိုသော မြန်မာလုပ်ငန်းများမှ ပြခန်းငှားရမ်းခအထူးနှုန်းထားဖြင့် ပါဝင်ပြသလိုပါက အကြောင်းပြန်ကြားပေးပါရန်နှင့် ပြပွဲဆိုင်ရာ အချက်အလက်များအား [email protected] နှင့် www.informamarkets.com တွင် လေ့လာနိုင်ကြောင်း ဖော်ပြပါရှိပါသည်။ ပြပွဲဆိုင်ရာအချက်အလက်များသိရှိလိုပါက မြန်မာကုန်သွယ်မှုမြှင့်တင်ရေးအဖွဲ့၊ ကုန်သွယ်မှုဖွံ့ဖြိုးရေးဌာနခွဲ၊ ရုံးအမှတ်(၃)၊ နေပြည်တော်၊ ဖုန်း- ၀၆၇-၃၄၀၈၆၀၈၊ ၀၆၇-၃၄၀၈၆၂၂၊ ၀၆၇-၃၄၀၈၆၂၃ နှင့် email:moctradefair@ gmail.com နှင့် [email protected] သို့ ဆက်သွယ်မေးမြန်းနိုင်ပါကြောင်း အသိပေးပါသည်။